Nutrition Awareness Month အထိမ်းအမှတ်အဖြစ် Chubb Life Myanmar နဲ့ Ar Yu International Hospital တို့မှပူးပေါင်းပြီး တင်ဆက်ပေးခဲ့တဲ့ “အာဟာရပြည့်ဝ ကျန်းမာတဲ့အနာဂတ်ဘဝ” အစီအစဉ်မှာ အာဟာရအထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က အာဟာရဆိုင်ရာ ကျန်းမာရေးဗဟုသုတတွေကို မျှဝေပေးခဲ့ပါတယ်။
သင်နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေဟာ သင့်ရဲ့ကျန်းမာရေးအတွက် အာဟာရပြည့်ဝနေဖို့ လိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မီးဖွားပြီးခါစ အမျိုးသမီးတွေအတွက် သင့်လျော်တဲ့ စားသောက်မှုပုံစံက ဘယ်လိုဖြစ်မလဲ? ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အာဟာရပြည့်ဝအောင်စားသောက်ရေးလမ်းညွှန်မှုများ အပြင် လူငယ်များရဲ့ကျန်းမာရေးအတွက်ပါ အကျိုးရှိတဲ့မေးခွန်းများကို အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်ကိုယ်တိုင် ဖြေကြားပေးထားပါတယ်။
ဖေဖေ မေမေတို့ သိထားသင့်တဲ့ ကိုယ့်ရဲ့ရင်သွေးငယ်လေးတွေအတွက် သင့်လျော်တဲ့နေထိုင် စားသောက်တဲ့ပုံစံကို အတူတူလေ့လာကြည့်ရအောင်။ အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က မွေးကင်းစကလေးငယ်တွေ၊ လေးဖက်ထောက်ခါစ ကလေးငယ်လေးတွေအတွက် အရေးကြီးလိုအပ်တဲ့ နေထိုင်စားသောက်ပုံတို့ကို အသေးစိတ်ရှင်းပြပေးထားတာဖြစ်လို့ ဖေဖေမေမေတို့အတွက် အများကြီးအထောက်အကူဖြစ်နိုင်ပါတယ်။